Welcome to Mandalay Technological University Forum
Would you like to react to this message? Create an account in a few clicks or log in to continue.

Welcome to Mandalay Technological University Forum

ဴမန္မာအင္ဂဵင္နီယာမဵားဖိုရမ္
 
HomePortalGallerySearchLatest imagesRegisterLog in

 

 FUNNY STORIES!!

Go down 
AuthorMessage
sweety
LEVEL '2'
LEVEL '2'



Female
Number of posts : 58
Age : 47
Batch if MIT (if not simply fill YIT) : YIT
Registration date : 2006-10-31

FUNNY STORIES!! Empty
PostSubject: FUNNY STORIES!!   FUNNY STORIES!! Icon_minitimeMon Jan 08, 2007 1:49 am

I specially intend to share some fun stories that I have read.I will be glad if other forum brothers&sisters will also support this thread.Let's have a fun together!!!
မောင်ခြုံပုဇင်းကုး

ကျနော်တို့ရွာမှာ ဦးခြုံဆိုတဲ့ လူတစ်ယောက်ရှိပါတယ်။ ငယ်ငယ်က မောင်ခြုံပေါ့။ သူ့ကို တခြားမောင်ခြုံတွေနဲ့ ကွဲပြားအောင် မောင်ခြုံပုဇင်းကုး လို့ခေါ်ပါသတဲ့။ အင်းသားများဟာ နာမည်ကိုတောင်မှ လူနဲ့တွဲဟပ်မိအောင် ပေးတတ်တယ်။ အရပ်ပုတဲ့ ကျနော့်အဖိုးကို မောင်ဖေပု တဲ့။ မျက်နှာမှာ အမှတ်နီနဲ့ မောင်ဝင်းကို အယ်ဝင်းပါးနီ တဲ့။ အယ် ဆိုတာ မြန်မာလို မောင် ပါပဲ။ အယ်စိမ်းခေါင်းကြား တဲ့။ အယ်စိမ်းက သူ့နာမည်။ ဆံပင်က ဆေးမဆိုးတဲ့ အဖြူအနက်ကြား။ အယ်ပေါက်ကိုတော့ သူ့နာမည်ရင်းတောင် မသိတော့ပါဘူး။နေ့နေ့ညည မူးနေ ပေါက်မြောက်နေသူပါ။ အဲဒီအထဲမှာမှ မောင်ခြုံ တစ်ယောက် မောင်ခြုံပုဇင်းကုး ဖြစ်လာပုံကလေးက ထူးထူးခြားခြား ဇတ်လမ်းလေးနဲ့ပါ။

တကယ်တော့ မောင်ခြုံဟာ ကံမကောင်းကြပါဘူး။ အရွယ်ကောင်းတုန်းမှာ သူ့မိန်းမဆုံးပါတယ်။ မိန်းမကို လွမ်းတဲ့မောင်ခြုံဟာ နေမထိ ထိုင်မရပေါ့။ ပိုဆိုးတာက သူ့မိန်းမရှိကတဲက အတူနေနေခဲ့တဲ့ သူ့ခယ်မကိုမြင်တိုင်း မိန်းမကို လွမ်းတဲ့မောင်ခြုံဟာ ရောဂါပိုလို့ ဆိုးလာတယ်။ သူ့မိန်းမနဲ့ သူ့ခယ်မ ညီအစ်မက အရွယ်ကမတိမ်းမယိမ်း အပြင် ရုပ်ချင်းလည်းအတော်ဆင်တာကိုး။ နေ့ကနေ လ ကူးလာတော့ မောင်ခြုံဟာ သူ့ခယ်မကို ကွယ်လွန်သွားရှာတဲ့သူ့မိန်းမနေရာ အစားထိုးဖို့ စိတ်ကူးတော့တာပဲ။ ပတ်ဝန်းကျင်ကလည်း လှော်သပေါ့ဗျာ။ ကျန်ခဲ့တဲ့ ကလေးတွေအတွက်လည်း မိထွေးပေမယ့် အဒေါ်အရင်းဆိုတော့ အကောင်းဆုံးပေါ့။ ခက်နေတာက မောင်ခြုံ။ ဘယ်လိုစရမှန်းမသိ။ ပတ်ဝန်းကျင်က ဆွေမျိုးတွေက ဘယ်လိုပဲ အားပေးပေး၊ သူ့ကိုငြင်းလိုက်မှာ မောင်ခြုံသိပ်ကြောက်တယ်။ ဒီလိုကိစ္စမျိုးက သူများအကူအညီယူရမှာ မောင်ခြုံကရှက်သေး။ ဒီတော့ မောင်ခြုံ အကြံထုတ်ရတယ်။

ဒီလိုနဲတစ်ညဦးမှာ မောင်ခြုံ အိပ်မပျော်တပျော်ကနေ ရုတ်တရက်အကြံရကာ ထလိုက်သတဲ့။ ရှမ်းပြည်မှာဆိုတော့ ချမ်းတယ်မဟုတ်လား။ ညအိပ်ရင် ဂွမ်းကပ်ပါမှ။ ဒီတော့ မောင်ခြုံကသူရဲ့ ဂွမ်းကပ်ကိုယူ၊ သူ့ခယ်မ အခန်းရှေ့ကိုသွား၊ အခန်းဝကနေ အိပ်နေတဲ့သူ့ခယ်မအပေါ်ကို လှမ်းပစ်လိုက်သတဲ့။ ဂွမ်းကပ်ဆိုတာ ထူထူထဲထဲမို့ လုံးပြီးပစ်လိုက်ရင် အပစ်ခံရသူ မနိုးပဲမရှိပါဘူး။ မောင်ခြုံက အခန်းဝကနေ ခဏစောင့်ကြည့်နေပြီးမှ သူ့ခယ်မအခန်းထဲ လိုက်ဝင်သွားတာ မနက်လင်းမှပဲ ပြန်ထွက်လာပါသတဲ့။

မပိုင်ဘူးလာဗျာ။ ခယ်မလုပ်သူက ဘာဘာညာညာပြောခဲ့ရင် သူက ငါ့ဂွမ်းကပ်လာယူတာဆိုပြီး ပြန်ထွက်လာမယ်ပေါ့။

ဒီဇာတ်လမ်းအတိုင်း မောင်ခြုံ သူ့ခယ်မနဲ့ ညားတာပဲလား။ မောင်ခြုံ သူ့ခယ်မနဲ့ ညားလို့ပဲ လူတွေကဒီဇာတ်လမ်းထွင်တာပဲလားတော့ သေသေချာချာမသိပါ။ ဘာပဲဖြစ်ဖြစ် မောင်ခြုံဟာ ဦးခြုံ…ဖိုးခြုံ ဖြစ်တဲ့အထိ သူ့ခယ်မ နဲ့ ဆက်လက်ပေါင်းသင်း လျက်ရှိတုန်းပါပဲ။

ဒါနဲ့ဗျာ….အင်းသားလို ဂွမ်းကပ်ကို ပုဇင်းကုးလို့ခေါ်သဗျ။ ဒါကြောင့် အဲဒီ မောင်ခြုံကို အများက မောင်ခြုံပုဇင်းကုး လို့ ယခုထက်တိုင်ခေါ်ကြောင်းပါခင်ဗျာ။





Maylay



Ref: http://www.nyeinchan.com/wordpress/archives/90
Back to top Go down
sweety
LEVEL '2'
LEVEL '2'



Female
Number of posts : 58
Age : 47

FUNNY STORIES!! Empty
PostSubject: Re: FUNNY STORIES!!   FUNNY STORIES!! Icon_minitimeMon Jan 08, 2007 4:36 am

ကွတ်ကီသူခိုး


တစ်ည လေဆိပ်တစ်ခုမှာ အမျိုးသမီးတစ်ယောက် လေယာဉ်စောင့်နေသည်။ သူ စီးရမည့် လေယာဉ်က နာရီပေါင်းများစွာကြာအောင် စောင့်ရဦးမည် ဖြစ်သည်။ လေဆိပ်ကဆိုင်မှာ သူ စာအုပ်တစ်အုပ် ရှာသည်။ ပြီး ကွတ်ကီတစ်ထုပ်ဝယ်ကာ တစ်နေရာမှာ ကျောက်ချထိုင်နေလိုက် သည်။

စာအုပ်ကို သဲသဲမဲမဲ ဖတ်နေရင်းက သူ တစ်ခု သတိထားမိလာသည်။ ကြည့်စမ်း၊ သူမဘေးကလူ သည် အတင့်ရဲလှချည်လား။ သူတို့နှစ်ယောက်ကြားမှာ ရှိနေသည့် ကွတ်ကီထုပ် ထဲက ကွတ်ကီတွေ တစ်ခုလား နှစ်ခုလား နှိုက်ယူသည်။ ပြောမနေချင်သည်နှင့် ဒါကို သူ မသိချင် ယောင်ဆောင်နေလိုက်သည်။

အမျိုးသမီး စာဆက်ဖတ်သည်။ ကွတ်ကီကိုလည်း မြုံ့သည်။ မကြာခဏ နာရီကိုလည်း ကြည့်ရသည်။ အတင့်ရဲလှသည့် ကွတ်ကီသူခိုးကြောင့် သူ့ အထုပ်ထဲရှိ မုန့်က လျော့သထက် လျော့ လာသည်။ နာရီစက် တစ်ချက်ချက် ရွေ့သည်နှင့်အမျှ သူ့ စိတ်ကလဲ တိုသထက်တိုလာ သည်။

[အင်း၊ ငါလို သိပ်သဘောကောင်းတဲ့သူမို့သာပေါ့၊ နို့မို့ မျက်ခွက်ကို ပစ်ထိုးမိမှာ ] သူ့ စိတ်ထဲက ကျိတ်ရေရွတ်သည်။

သူ့စိတ်ထဲ ဘယ်လိုနေနေ၊ ဟို လူကတော့ ကွတ်ကီတစ်ခုကို ကိုယ်နှိုက်လျှင် သူလည်း တစ်ခု နှိုက်သည်။ အထုပ်ထဲ တစ်ခုတည်း ကျန်နေသည့်အခါ ဒီလူဘာလုပ်မလဲ အမျိုးသမီး စောင့်ကြည့်သည်။ ကြည့်စမ်း၊ မျက်နှာမှာ အပြုံးတစ်စနှင့်၊ ခပ်ဟဟ တစ်ချက်ရယ်လျက် သူက နောက်ဆုံးကွတ်ကီကို ယူကာ နှစ်ပိုင်းပိုင်းသည်။

ပြီး၊ အမျိုးသမီးကို တစ်ပိုင်းပေးပြီး၊ ကျန်သည့်တစ်ပိုင်း သူ စားသည်။ အမျိုးသမီး သူပေး သည့် အပိုင်းကို ဆတ်ကနဲ ဆွဲယူပြီး စဉ်းစားသည်။

[ကြည့်စမ်းပါဦးတော်၊ ဒီလူက ရဲတင်းရုံမက ရိုင်းလဲရိုင်းတယ်၊ ကျေးဇူးတင်တဲ့ အမူအရာ တောင် တစ်စက်ကလေးမှ ပြဖော်မရဘူး]

အမျိုးသမီးစိတ်မှာ သည်လောက် ကြိတ်မနိုင်ခဲမရ အခံရခက်တာမျိုး တစ်ခါမျှ မကြုံဖူးခဲ့။ လေယာဉ် ခရီးစဉ် ခေါ်ပြီဆိုတော့မှ လွတ်ပြီကျွတ်ပြီဟု စိတ်ထဲ အများကြီး ပေါ့သွားပြီး သက်ပြင်းချသည်။ သူများ ကွတ်ကီနှိုက်စားပြီး ကျေးဇူးတင်စကား တစ်ခွန်းမှ မပြောသည့် အဲသည်လူကို တစ်ချက်မျှပင် လှည့်ကြည့် မနေပဲ ကိုယ့်အိတ်တွေဆွဲပြီး လေယာဉ်ထွက်ခွါမည့် ဂိတ်ဆီ သူ ထွက်လာခဲ့သည်။

လေယာဉ်ပေါ်ရောက်သည်။ ထိုင်ခုံမှာ ထိုင်ချလိုက်ပြီး ပြီးခါနီးစာအုပ်ကို ဆက်ဖတ်ရန် အိတ် ထဲနှိုက် သည်။ အဲသည်အခါကျမှ သူ အကြီးအကျယ်အံ့အားသင့်ကာ ဟယ် ခနဲဖြစ်သွားရသည်။ သူ ၀ယ်လာသည့် ကွတ်ကီထုတ်က သူ့ အိတ်ထဲမှာပင် ရှိနေသည်။

[ငါ့ အထုပ်က ဒီမှာဆိုရင်၊ ဟိုဟာက သူ့ အထုပ်ပေါ့] အမျိုးသမီး အကြီးအကျယ် စိတ်ဓါတ် ကျ သွားသည်။ [သူ ငါ့ကိုစားပါစေလို့ ပေးနေတာကိုး] ၊ ဟိုလူ့ကို သူ အကြီးအကျယ် အားနာ သွားသည်။ ခုမှ တော့ တောင်းပန်ဖို့လဲ မဖြစ်နိုင်တော့။ သူမ စိတ်မကောင်းခြင်းကြီးစွာ ဖြစ်သွား မိသည်။ ခုတော့ သူမသာ လျှင် ရိုင်းသော သူ၊ သူမသာလျှင် သူတစ်ပါးမုန့်ကို နှိုက်စားသူ၊ ကွတ် ကီ သူခိုး။


[Valerie Cox \ The Cookie Thief]



Maylay

Credit: http://yelinhtun.googlepages.com
Back to top Go down
 
FUNNY STORIES!!
Back to top 
Page 1 of 1
 Similar topics
-
» Heart Hit Stories!!!!
» FUNNY MOVIES!!
» FUNNY POEMS!!
» Funny Sayings
» Cartoons' Section ! (Just for Funny)

Permissions in this forum:You cannot reply to topics in this forum
Welcome to Mandalay Technological University Forum :: General :: Conversastion Hall & Polls-
Jump to: