အခုမြန်မာ အင်္ဂျင်နီယာများ ဖိုရမ် မှ ဇော်ဂျီ ဖောင့် သုံးနေတာ ကို ဖြစ်နိုင်ရင် ယူနီကုတ် စံ သတ်မှတ်ချက် ကိုလိုက်နာတဲ့ ဖောင့်စနစ်တစ်ခုကိုပြောင်းပေးစေချင်ပါသည်။
ဒီ ဖိုရမ်လို အဆင့်ရှိတဲ့ ဖိုရမ်တစ်ခုက ယူနီကုတ်စံ ကိုလိုက်နာတဲ့ ဖောင့်ကို သုံးမယ်ဆိုရင် တော်တော်များများ လိုက်သုံး လာပါလိမ့်မယ်။ အားလုံး ကလဲ pro တွေဆိုတော့ ပြောင်းဖို့သိပ်ခက်မယ်မထင်ပါဘူး။
အခု အသစ်ထွက်လာတဲ့ ဧရာ ယူနီကုတ်စနစ် က website တွေမှာ သုံးရတာ တော်တော် အဆင်ပြေပါတယ်။ အခုကျွန်တော် ရိုက်နေတာ ဧရာနဲ့ပါ။ ပါဋ်ဆင့်တွေကလွဲလို့အားလုံး ဇော်ဂျီနဲ့ဖတ်လို့ရတယ်။ ဇော်ဂျီ နဲ့ရေးထားတာတွေလဲ ဧရာနဲ့ဖတ်လို့ရတယ်။ ဖောင့်လည်းလှတယ်။ ဖောင့် ပုံစံ အမျိုးမျိုးလည်း ပြောင်းလို့ရတယ်။
www.ဧရာ.com ကိုသွားကြည့်ပါ။
မြန်မာစာ စနစ် တည်ငြိမ်ဖို့ မြန်မာ အင်္ဂျင်နီယာများ ၀ိုင်း ကူညီကြပါ။
ကျေးဇူးတင်ပါသည်။